ဇွန် ၁၂ ရက်နေ့က အိန္ဒိယ အာမာဒါဘတ်မြို့တွင် Air India လေယာဉ်တစင်း ဆေးကျောင်းအဆောင်ပေါ်သို့ ပျက်ကျမှုဖြစ်ခဲ့ရာ ခရီးသည် ၂၄၂ ဦးအနက် ဗြိတိန်နိုင်ငံသား မစ္စတာ ဗစ်ရှ်ဝပ်ရှ်ကူးမား ရာမက်ရှ် တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်းသိရသည်။ ထိုလေယာဉ်တွင် အိန္ဒိယသား ၁၆၉ ဦး၊ ဗြိတိန်သား ၅၃ ဦးအပါအဝင် တခြားနိုင်ငံသားများပါဝင်ခဲ့ပြီး မီးလောင်မှုကြောင့် လူ ၂၀၄ ဦး သေဆုံးကာ ဆေးကျောင်းသား ၃ ဦးလည်း မြေပြင်ပေါ်တွင် သေဆုံးခဲ့ကြသည်။ အသက်ရှင်ကျန်သူ ရာမက်ရှ်သည် ဆေးရုံတွင်ကုသမှုခံယူနေပြီး မကြာမီ ပြန်လည်အသက်သာလာမည်ဟု ဆရာဝန်များကဆိုသည်။
Air India လေယာဉ်ပျက်ကျမှုတွင် ဗြိတိန်နိုင်ငံသားတစ်ဦးသာ အသက်ရှင်ကျန်ရစ်
Jun 13 • 1:15 AM
မြန်မာ
ပြည်ပ
မျှဝေမည်
7 | 0 | 0 | 0 |