နစ်မြုပ်သည့် Run Fun 3 သင်္ဘောမှ မြန်မာသင်္ဘောသား ၂ ဦးအပါအဝင် သင်္ဘောသား ၂၃ ဦးအားလုံးကယ်တင်

Jun 13 • 1:13 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

နစ်မြုပ်သည့် Run Fun 3 သင်္ဘောမှ မြန်မာသင်္ဘောသား ၂ ဦးအပါအဝင် သင်္ဘောသား ၂၃ ဦးအားလုံးကယ်တင်

ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့တွင် စင်ကာပူမှ ထွက်ခွာပြီး တိုဂိုသို့ ခရီးစဉ်ဆောင်နေသည့် နားမားအလံတင် ဝမ်းပုံတင်သင်္ဘော Run Fun 3 သည် အိန္ဒိယ သမုဒ္ဒရာအတွင်း ရေဝင်မှုကြေ...

ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့တွင် စင်ကာပူမှ ထွက်ခွာပြီး တိုဂိုသို့ ခရီးစဉ်ဆောင်နေသည့် နားမားအလံတင် ဝမ်းပုံတင်သင်္ဘော Run Fun 3 သည် အိန္ဒိယ သမုဒ္ဒရာအတွင်း ရေဝင်မှုကြောင့် နစ်မြုပ်ခဲ့သည်။ သင်္ဘောအတွင်းရှိ ဗီယက်နမ် ၂၁ ဦးနှင့် မြန်မာ ၂ ဦး ပါဝင်သည့် သင်္ဘောသား ၂၃ ဦးအားလုံးကို သက်ကယ်ဖောင်ဖြင့် ထွက်ပြေးကာ တောင်ကိုရီးယားပိုင် Maple Harbour သင်္ဘောမှ ကယ်ဆယ်ခဲ့သည်။ နစ်မြုပ်မှုသည် မော်လ်ဒိုက်တောင်ဘက် ၅၀၀ ရေမိုင်အကွာတွင် ဖြစ်ပြီး သင်္ဘောသားများကို မောရစ်သျှနိုင်ငံ Port Louis ဆိပ်ကမ်းသို့ ခေါ်ဆောင်ပြီး အီတလီသို့ ခရီးဆက်ခဲ့ကြောင်း သိရသည်။


news-view-count-icon

24