စင်ကာပူနိုင်ငံသား Cheng Kuan Poh (အသက် ၄၀) သည် မလေးရှား၊ ဂျိုဟိုးတွင် လမ်းပေါ်အမျက်ထွက်မှုကြောင့် တခြားယာဉ်တစီးကို ကန်ဖြစ်စဉ်အတွက် ဂျိုဟိုးဘာရူတရားရုံးက ဇွန် ၁၂ ရက်တွင် RM9,100 (S$2,760) ဒဏ်ငွေချမှတ်ခံခဲ့ရသည်။ ၎င်းသည် အကျင့်ပျက်ခြစားမှုနှင့် ပစ္စည်းပျက်စီးစေမှုအပါအဝင် ပြစ်မှု ၂ ခုအတွက် ဝန်ခံခဲ့ပြီး၊ ပြစ်မှုများအတွက် အများဆုံး ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်သည်။ Cheng သည် စင်ကာပူတွင် လစဉ် SGD2,000 ဝင်ငွေရှိပြီး သက်ကြီးမိဘများကို ပြုစုနေရသူဖြစ်ကြောင်း ရှေ့နေမှ တရားရုံးထံ သက်သေအနေနှင့်တင်ပြခဲ့သည်။
ဂျိုဟိုးလမ်းပေါ်အမျက်ထွက်မှုဖြစ်စဉ်ကြောင့် စင်ကာပူနိုင်ငံသား RM9,100 ဒဏ်ငွေချမှတ်ခံရ
Jun 12 • 7:32 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
5 | 0 | 0 | 0 |