ဂျပန်တွင် ဆယ်ကျော်သက်အမျိုးသမီးအား စော်ကားမှုဖြင့် မြန်မာလုပ်သား ဖမ်းဆီးခံ

Jun 12 • 7:23 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်တွင် ဆယ်ကျော်သက်အမျိုးသမီးအား စော်ကားမှုဖြင့် မြန်မာလုပ်သား ဖမ်းဆီးခံ

ဂျပန်၊ ဟီရိုရှီးမားမြို့၌ အလုပ်သင်ဗီဇာဖြင့်နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် မြန်မာလုပ်သား စောအေးဆေးကို ဇွန် ၁၂ ရက်နေ့တွင် လမ်းသွားလမ်းလာ ဆယ်ကျော်သက်အမျိုးသမီးတဦးအာ...

ဂျပန်၊ ဟီရိုရှီးမားမြို့၌ အလုပ်သင်ဗီဇာဖြင့်နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် မြန်မာလုပ်သား စောအေးဆေးကို ဇွန် ၁၂ ရက်နေ့တွင် လမ်းသွားလမ်းလာ ဆယ်ကျော်သက်အမျိုးသမီးတဦးအား လိင်ပိုင်းစော်ကားမှုနှင့် ဒဏ်ရာပေးမှုဖြင့် ဖမ်းဆီးခဲ့သည်။ မေလ ၂ ရက်ညပိုင်းတွင် ထိုကဲ့သို့ကျူးလွန်ခဲ့ပြီး အမျိုးသမီးအတွက် ဒူးဒဏ်ရာကြောင့် တပတ်ခန့်သက်သာချိန်လိုအပ်ကြောင်း သိရသည်။ စောအေးဆေးက ထိုမှုကို ဝန်ခံထားပြီး ရဲက ဆက်လက်စုံစမ်းနေသည်။ ၁၈ နှစ်အောက်သူအပေါ်ကျူးလွန်ပါက ထောင်ဒဏ် သုံးနှစ်အထက် ခံရနိုင်ကြောင်းလည်း သမဂ္ဂအဖွဲ့မှ ဦးမြင့်ဆွေကဖော်ပြသည်။


news-view-count-icon

2