စင်ကာပူအလံတင် သင်္ဘော MV Wan Hai 503 အိန္ဒိယကမ်းလွန်တွင် ပေါက်ကွဲမီးလောင်၊ သင်္ဘောသား ၂၂ ဦးထွက်ပြေး၊ ၄ ဦးပျောက်ဆုံး

Jun 10 • 7:18 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူအလံတင် သင်္ဘော MV Wan Hai 503 အိန္ဒိယကမ်းလွန်တွင် ပေါက်ကွဲမီးလောင်၊ သင်္ဘောသား ၂၂ ဦးထွက်ပြေး၊ ၄ ဦးပျောက်ဆုံး

စင်ကာပူ အလံတင် ကွန်တိန်နာသင်္ဘော MV Wan Hai 503 သည် သီရိလင်္ကာ ကိုလံဘိုဆိပ်ကမ်းမှ ဇွန်လ ၆ ရက်တွင် ထွက်ခွာခဲ့ပြီး အိန္ဒိယ မွန်ဘိုင်းဆိပ်ကမ်းသို့ ဦးတည်ခုတ်မောင်း...

စင်ကာပူ အလံတင် ကွန်တိန်နာသင်္ဘော MV Wan Hai 503 သည် သီရိလင်္ကာ ကိုလံဘိုဆိပ်ကမ်းမှ ဇွန်လ ၆ ရက်တွင် ထွက်ခွာခဲ့ပြီး အိန္ဒိယ မွန်ဘိုင်းဆိပ်ကမ်းသို့ ဦးတည်ခုတ်မောင်းခဲ့ရာ တနင်္လာနေ့ (ဇွန် ၉) နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် အိန္ဒိယကမ်းရိုးတန်း Beypore ကမ်းလွန်တွင် ကွန်တိန်နာ ပေါက်ကွဲပြီး မီးလောင်ကျွမ်းသဖြင့် သင်္ဘောပေါ်မှ သင်္ဘောသား ၂၂ ဦး အားလုံး အသက်ကယ်ဖောင်ဖြင့် သင်္ဘောကို စွန့်ခွာခဲ့ကြသည်။

အိန္ဒိယကမ်းခြေစောင့်တပ်မှ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာ ၁၈ ဦး ကယ်တင်နိုင်ခဲ့ပြီး ၅ ဦး ဒဏ်ရာ ရထားသည်။ ၄ ဦး (ထိုင်ဝမ် ၂ ဦး၊ အင်ဒိုနီးရှား ၁ ဦးနှင့် မြန်မာ ၁ ဦး)ပျောက်ဆုံးနေသည်ကို ဆက်လက် ရှာဖွေလျက် ရှိသည်။


news-view-count-icon

8