ထိုင်းနိုင်ငံရဲ့ ကန်ချနဘူရီတွင် အလှပြင်ဆိုင်ဖွင့်သည့် မြန်မာသုံးဦး ဖမ်းဆီးခံရ

Jun 10 • 7:03 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံရဲ့ ကန်ချနဘူရီတွင် အလှပြင်ဆိုင်ဖွင့်သည့် မြန်မာသုံးဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ဇွန် ၈ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံသား သုံးဦးအား ခွင့်ပြုချက်မရှိဘဲ အလှပြင်လုပ်ငန်းလုပ်ကိုင်နေမှုကြောင့် ဖမ်းဆီးခံခဲ့ရသည်...

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ဇွန် ၈ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံသား သုံးဦးအား ခွင့်ပြုချက်မရှိဘဲ အလှပြင်လုပ်ငန်းလုပ်ကိုင်နေမှုကြောင့် ဖမ်းဆီးခံခဲ့ရသည်။ ဆိုရှယ်မီဒီယာများတွင် မြန်မာများ ဖွင့်ထားသော အလှပြင်ဆိုင်ကြော်ငြာများကို တွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ဆံပင်ညှပ်ဆိုင်တစ်ခုတွင် မြန်မာများအချင်းချင်း ဆံပင်ညှပ်နေသည်ကို တွေ့ရှိခဲ့သည်။ ဖမ်းဆီးခံရသူများမှာ အသက် ၂၀ နှစ်အရွယ် ကိုထက်မောင်မောင်လင်း၊ ၂၉ နှစ်အရွယ် မသန်းသန်းမိုးနှင့် ၃၀ နှစ်အရွယ် ကိုသက်ပိုင်စိုး တို့ဖြစ်သည်။ သူတို့အား နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်ထက်ကျော်လွန်မှုအတွက် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

news-view-count-icon

7