ပါကစ္စတန်အသင်းနဲ့ကစားရမဲ့ အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရဖို့ကြိုးစားသွားမယ်လို့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်မောင်မောင်လွင်က ပြောပါတယ်။မြန်မာအသင်းနဲ့ ပါကစ္စတန်အသင်းတို့ဟာ ဇွန်လ၁၀ရက်ညနေပိုင်းမှာ ၂၀၂၇အာရှဖလား ခြေစစ်ပွဲစဉ်အဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။



