ဘန်ကောက်မှာ နာမည်ကြီး Brand တွေရဲ့ ဘတ် ၁၀ သန်းကျော်တန်ကြေးရှိ ကုန်ပစ္စည်း အတု ၂,၆၁၀ ကို စစ်ဆေးတွေ့ရှိ

Jun 09 • 1:13 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်မှာ နာမည်ကြီး Brand တွေရဲ့ ဘတ် ၁၀ သန်းကျော်တန်ကြေးရှိ ကုန်ပစ္စည်း အတု ၂,၆၁၀ ကို စစ်ဆေးတွေ့ရှိ

ထိုင်း စီးပွားရေးရာဇ၀တ်မှုနှိမ်နင်းရေးဌာန (ECD) နဲ့ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဦးစီးဌာနက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဇွန်လ ၈ ရက်နေ့မှာ ဘန်ကောက် Pathumwan ခရိုင်မ...

ထိုင်း စီးပွားရေးရာဇ၀တ်မှုနှိမ်နင်းရေးဌာန (ECD) နဲ့ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဦးစီးဌာနက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ဇွန်လ ၈ ရက်နေ့မှာ ဘန်ကောက် Pathumwan ခရိုင်မှာရှိတဲ့ နာမည်ကြီးကုန်တိုက်တစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးအတွင်း ကုန်တိုက်ရဲ့ကားပါကင်မှာ လျှို့ဝှက်ထားတဲ့ ဂိုဒေါင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး နာမည်ကြီး Brand တွေရဲ့ ကုန်ပစ္စည်း အတုများစွာကို တွေ့ခဲ့ရပါတယ်။ အာဏာပိုင်တွေက Dior၊ Louis Vuitton၊ Hermès၊ Gucci၊ Nike၊ Adidas၊ New Balance နဲ့ Balenciaga အစရှိတဲ့ နာမည်ကြီး Brand တွေရဲ့ ကုန်ပစ္စည်း အတု ၂,၆၁၀ ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဖမ်းဆီးရမိပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးကတော့ ဘတ်ငွေ ၁၀ သန်းကျော် (အမေရိကန်ဒေါ်လာ ၃၀၅,၀၆၀ ခန့်) ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

news-view-count-icon

4