သရုပ်ဆောင် ပိုင်တံခွန်က သူ့ရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဖားပြုတ်ကြီးကို ပြလာတာဖြစ်ပြီးဖားကို ချစ်လွန်းလို့ဆိုပြီး ကလိနေတဲ့ ပိုင်တံခွန်ဟာ ဖားကို စိတ်ညစ်သွားရင် တောင်းပန်တယ်လို့ပြောပါတယ်။ ပုံမှန် ဖားကို ကြောက်တတ်တဲ့ ပရိသတ်တွေကတောင် သူ့ရဲ့ ဖားလေးကို ချစ်စရာကောင်းကြောင်း ၊ ဝဖြီးနေကြောင်း မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။သရုပ်ဆောင် ပိုင်တံခွန်ဟာ ပုံမှန်အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးလေ့မွေးထမရှိတဲ့ တိရိစ္ဆာန်မျိုးစုံကိုလည်း သူ့ရဲ့အိမ်မှာ မွေးမြူထားပါတယ်။



