တမူးနယ်မှာ ဘာသာရေးခန်းမဆောင်နဲ့ လူနေအိမ် ၃ လုံးဖျက်ဆီးခိုးယူခံရ

Jun 05 • 3:42 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

တမူးနယ်မှာ ဘာသာရေးခန်းမဆောင်နဲ့ လူနေအိမ် ၃ လုံးဖျက်ဆီးခိုးယူခံရ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း ကွန်းတောင်းအုပ်စု၊ ကွန်းတောင်းရွာသစ်(Twi Soom Jang) ကျေးရွာရှိ ဘာသာရေးခန်းမဆောင်အ ပါအဝင် လူနေအိမ် ၃လုံးကို အမည်မသိလူတစ် ...

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း ကွန်းတောင်းအုပ်စု၊ ကွန်းတောင်းရွာသစ်(Twi Soom Jang) ကျေးရွာရှိ ဘာသာရေးခန်းမဆောင်အ ပါအဝင် လူနေအိမ် ၃လုံးကို အမည်မသိလူတစ် စုက ဇွန်လ ၃ ရက်နေ့က ဖျတ်ဆီးခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။အခုလို ဖျတ်ဆီးခိုးယူခံရတဲ့ အထဲက ခန်းမဆောင်ဟာ ၂၀၁၈-၂၀၁၉ ခုနှစ်က အလှူရှင်များနဲ့ ကျေးရွာသူ၊ ကျေးရွာသားများပူပေါင်းတည် ဆောက်ထားတဲ့ ခရစ္စယာန်ဘာသာရေးခန်းမဆောင်ဖြစ်ပါတယ်။အဲဒီကျေးရွာဟာ တမူးမြို့ပေါ်ကနေ ၆ မိုင်ခွဲခန့်ဝေးပြီး အိမ်ခြေ ၂၃ အိမ်သာရှိတဲ့ ကျေးရွာငယ်လေးတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။




news-view-count-icon

35