ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ကျင်းပမည့် နိုင်ငံတကာ လက်မောင်းလှဲပြိုင်ပွဲသို့ တာချီလိတ်မြို့၊ ကိုယ်စားပြုအနေနှင့် အသက် (၁၆)အရွယ် လူငယ်တစ်ဦးမှ သွားရောက်ယှဉ်ပြိုင်မည်

Jun 05 • 5:08 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ကျင်းပမည့် နိုင်ငံတကာ လက်မောင်းလှဲပြိုင်ပွဲသို့ တာချီလိတ်မြို့၊ ကိုယ်စားပြုအနေနှင့် အသက် (၁၆)အရွယ် လူငယ်တစ်ဦးမှ သွားရောက်ယှဉ်ပြိုင်မည်

လာမည့် ဇွန်လ (၇)ရက်နေ့တွင် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၏ MBKစင်တာ၌ ကျင်းပမည့် နိုင်ငံတကာ လက်မောင်းလှဲ ပြိုင်ပွဲသို့ တာချီလိတ်မြို့နယ်၏ ကိုယ်စားပြုအနေနှင့် မ...

လာမည့် ဇွန်လ (၇)ရက်နေ့တွင် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၏ MBKစင်တာ၌ ကျင်းပမည့် နိုင်ငံတကာ လက်မောင်းလှဲ ပြိုင်ပွဲသို့ တာချီလိတ်

မြို့နယ်၏ ကိုယ်စားပြုအနေနှင့် မောင်အောင်သူရစံမှ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။အသက် (၁၆)နှစ်အရွယ်သာ ရှိသေးသည့် မောင်အောင်သူရစံ (ခ) David No Mercy Macrukov သည် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရန် အတွက် တာချီလိတ်မြို့နယ် ၊ မြို့မအားကစားကွင်းရှိ အားကစားရုံ၌ ကစားရာမှ လက်မောင်းလှဲ အားကစားပြိုင်ပွဲကို တွေ့ရှိကာ အပျော်တမ်း ဝင်ရောက်ယှဉ်ပြိုင်ရာမှ ဆုများရရှိခဲ့ကြောင်း သိရှိရပါတယ်။လက်မောင်းလှဲ အားကစား ပြိိုင်ပွဲအား ပြည်တွင်းအားကစားပြိုင်ပွဲအနေနှင့် ပြိုင်ပွဲတရပ် မရှိသေးသော်လည်း ဝါသနာရှင် လူငယ်များမှ စုပေါင်းကာ ပြိုင်ပွဲပြုလုပ်ပြီး ရန်ကုန်၊ မန္တလေးတို့မှ ဝါသနာရှင်များမှ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရှိရသလိုယခု သွားရောက်ယှဉ်ပြိုင်မည့် နိုင်ငံတကာပွဲတွင် မလေးရှား၊ ထိုင်း ၊စက်ာပူ ၊ အစရှိသည့်နိုင်ငံများမှ လာရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရှိရပြီး အသက် (၁၈)နှစ်အောက် တန်းနှင့် အသက် (၁၈)နှစ်အထက် open ပွဲများကို တာချီလိတ်ကိုယ်စားပြု အောင်သူရစံမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရှိရသည်။ကစားသမားမောင်အောင်သူရစံ (ခ) David No Mercy Macrukov ၏ လက်မောင်းလှဲပြိုင်ပွဲများအား သွားရောက်ယှဉ်ပြိုင်ခဲ့ပြီးဆုရရှိခဲ့သည့် သတင်းများကြောင့် ဆိုရှယ် မီဒီယာမှ တဆင့် ဆက်သွယ်ကာ နိုင်ငံခြားမှ လာရောက်ယှဉ်ပြိုင်သူများရှိပြီး ၄င်း၏ တစ်တော့ဖော်လိုဝါမှာ ၁၀၈.၇ K ရှိပြီး Like ရရှိမှုနှုန်း ၃.၂ M ရှိနေသည်။


news-view-count-icon

13