ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနှင့် ၂၀၅၀ တွင် ရေအောက်ရောက်နိုင်သည့် ကမ္ဘာ့မြို့ကြီး ၁၀ မြို့

Jun 05 • 4:42 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနှင့် ၂၀၅၀ တွင် ရေအောက်ရောက်နိုင်သည့် ကမ္ဘာ့မြို့ကြီး ၁၀ မြို့

ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုသည် ကမ္ဘာတစ်ဝန်းရှိ ကမ်းရိုးတန်းဒေသများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာပြီး ၂၀၅၀ ခုနှစ်တွင် မြို့ကြီး ၁၀ မြို့ခန့် ရေ...

ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုသည် ကမ္ဘာတစ်ဝန်းရှိ ကမ်းရိုးတန်းဒေသများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာပြီး ၂၀၅၀ ခုနှစ်တွင် မြို့ကြီး ၁၀ မြို့ခန့် ရေအောက်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။ ထိုင်းနိုင်ငံ၏ မြို့တော် ဘန်ကောက်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁.၅ မီတာသာမြင့်ပြီး နှစ်စဉ် ၁-၂ စင်တီမီတာနှုန်းဖြင့် နစ်မြုပ်လျက်ရှိရာ ၂၀၅၀ တွင် မြို့၏ ၉၀% ခန့် ရေအောက်ရောက်နိုင်ကြောင်း သိရသည် ။ အင်ဒိုနီးရှား၏ မြို့တော် ဂျကာတာသည်လည်း နှစ်စဉ် ၆.၇ လက်မနှုန်းဖြင့် နစ်မြုပ်နေပြီး ၂၀၅၀ တွင် မြို့အများစု ရေနစ်မြုပ်နိုင်သည်ဟု ဆိုသည် ။ အန္တရာယ်ကျရောက်နိုင်သည့် မြို့များတွင် ဗီယက်နမ်၏ ဟိုချီမင်းစီးတီး၊ အမေရိကန်၏ ဟူစတန်နှင့် နယူးအော်လင်းမြို့များ အပါအဝင် ကမ်းရိုးတန်းဒေသရှိ မြို့ကြီးများ ပါဝင်သည် ။ ဤအခြေအနေများကို ကာကွယ်ရန် နိုင်ငံများက ရေကာတာများ တည်ဆောက်ခြင်း၊ မြို့ပြ ပြန်လည်စီမံခြင်းများ ပြုလုပ်နေသော်လည်း ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ရန် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည် ။


news-view-count-icon

47