ကေတုမတီတောင်ငူမြို့ရဲ့ ကျုံးနဲ့ မြို့ရိုးတည်ရှိရာကို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ဧရိယာသတ်မှတ်

Jun 04 • 11:57 AM

breaking-news

မြန်မာ

မန္တလေး

cover

ကေတုမတီတောင်ငူမြို့ရဲ့ ကျုံးနဲ့ မြို့ရိုးတည်ရှိရာကို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ဧရိယာသတ်မှတ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်းရှိ မြို့ရိုးနဲ့ ကျုံးတို့ရှိရာ ယဉ်ကျေးမှုအမွေအနှစ်တွေ တည်ရှိရာဒေသကို ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သာသနာရေးနှ...

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကေတုမတီမြို့ဟောင်းရှိ မြို့ရိုးနဲ့ ကျုံးတို့ရှိရာ ယဉ်ကျေးမှုအမွေအနှစ်တွေ တည်ရှိရာဒေသကို ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက မေလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၉ အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာဒေသ ကျုံးရဲ့အပြင်ဘက် နယ်နိမိတ်နဲ့ မြို့ရိုးရဲ့ အတွင်းဘက် နယ်နိမိတ် ဧရိယာတွေ သတ်မှတ်ကာ ယဉ်ကျေးမှု အမွေအနှစ်များတည်ရှိရာဒေသ (Property Area)အဖြစ် ထိန်းသိမ်းသတ်မှတ်ခဲ့တာပါ။

news-view-count-icon

75