အာဆီယံ ယူ ၁၉ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲဝင်မည့် မြန်မာအသင်းသည် လာမည့် ဇွန် ၆ ရက်တွင် ပြိုင်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့သို့ ထွက်ခွာမည်ဖြစ်သလိုအာဆီယံ ယူ ၁၉ အမျိုးသမီး ပြိုင်ပွဲတွင် မြန်မာ အသင်းသည် အုပ်စု (A ) တွင် အိမ်ရှင် ဗီယက်နမ်၊ လာအို၊ တီမောတို့နှင့်အတူ ကျရောက်နေပြီး အုပ်စု (B)တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ပါဝင်ကာယူ ၁၉ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇွန် ၉ ရက်တွင် အိမ်ရှင် ဗီယက်နမ်၊ ဇွန် ၁၁ ရက်တွင် လာအို၊ ဇွန် ၁၃ ရက်တွင် တီမောအသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီးယူ ၁၉ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ် မှာဖြစ်ပါတယ်။



