သရုပ်ဆောင်သွန်းဆက်ရဲ့သားသားလေးက
ပါပါးဇင်နဲ့ တူတာလား ဒါမှမဟုတ် မာမားဂွန်းနဲ့တူတာလားလို့ သွန်းဆက်က မေးခဲ့ပါတယ်။ ကိုယ်ဝန် ၇ လကျော်ရှိနေပြီဖြစ်တဲ့ သွန်းဆက်က ဗိုက်ထဲက သားသားလေး ဘယ်လိုပုံ၊ ဘယ်လိုရုပ်မျိုးလဲဆိုတာကို 4D Ultrasound ရိုက်ခဲ့တာဖြစ်ပြီး ပထမတစ်ကြိမ်မှာရိုက်တဲ့အချိန် ကျောရိုးလေးနဲ့ကွယ်နေလို့ ဘေဘီလေးမျက်နှာကို မမြင်ခဲ့ရပါဘူး။ ဒုတိယတစ်ကြိမ်မှာတော့ သားလေးရဲ့ မျက်နှာ ဖောင်းဖောင်းလေးကို တွေ့ခဲ့ရပါတယ်။ သွန်းဆက်က သားသားလေးကို မြင်ရမှာမို့ ရင်ခုန်စိတ်လှုပ်ရှားနေခဲ့တယ်လို့ပြောပါတယ်။