အစီအစဥ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ အားမာန်ဟာ သူ MC အနေနဲ့ တာဝန်ယူရတဲ့ပွဲမှာ ကံစမ်းမဲ အစီအစဥ်ကိုပါဝင်ခဲ့ပြီး မဲပေါက်တဲ့ဝိုင်းကို အရင်ရွေးမဲနှိုက်ပြီးမှ အဆိုပါ box ၅ခုကို ဝိုင်း ၅ဝိုင်းအတွက် တစ်ဝိုင်းကို တစ်ဆု အနေနဲ့ ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဝိုင်းတစ်ဝိုင်းစီမှာ လူ ၁၀ယောက်စီ ရှိလို့ ဝိုင်းထဲက လူ ၁၀ဦးက တစ်ခါ ပြန်မဲပြန်နှို.က်ကြရတဲ့အခါမှာ သူက ဝိုင်းထဲက သူတစ်ဦးအနေနဲ့ ကံထူးစွာ မဲပေါက်ခဲပေမယ့်ဝိုင်းထဲက အတူထိုင်တဲ့ အစ်မတွေက ၄, ၅ ယောက်အတူလာကြပြီး မပေါက်လိုက်ကြလို့ သူက သူရတဲ့ဆုကို အဲ့အစ်မတစ်ယောက်ကို ပြန်ပေးခဲ့ပါတယ်။ဆုကိုထည့်ထားတာကလည်းဘူးနဲ့ဆိုတော့ ဘာပါမှန်းမသိလို့ ပေးလိုက်မိတာဖြစ်ပြီး အခုနောက်မှ ပြန်သိရတာက အဆိုပါ ဘူးထဲမှာ ရွှေငါးမူးသားအထိပါကာ ထည့်ပေးထားတယ်လို့ သိလိုက်ရတာကြောင့် နောင်တရခဲ့ပြီး သူကအခုအချိန်မှာ တစ်လလောက်တော့ ထမင်းစားလို့ မဝင်တော့ဘူးလို့လည်း ဆိုထားပါသေးတယ်။



