ဂျပန်နိုင်ငံသည် မတ်လကုန်တွင် ပြီးဆုံးခဲ့သည့် ၂၀၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံလုပ် ကားတင်ပို့မှု အများဆုံး ထိပ်တန်း(၅) နိုင်ငံစာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာခဲ့သည်။ Suzuki Motor Corp နှင့် Honda Motor Co တို့သည် အိန္ဒိယနိုင်ငံကို ကမ္ဘာ့ကားဈေးကွက်အတွက် ထုတ်လုပ်မှု အခြေစိုက်အဖြစ် ပိုမိုအသုံးပြုလာကြသောကြောင့် အိန္ဒိယမှ ဂျပန်သို့ ကားတင်ပို့မှု သိသိသာသာ တိုးတက်လာခဲ့သည်။ ဂျပန်သို့ ကားတင်ပို့မှုသည် ၂၀၂၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂၂၀.၆၂ သန်းဖိုး ရှိခဲ့သော်လည်း ၂၀၂၅ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၆၁၆.၄၅ သန်းသို့ ကြီးမြင့်စွာ တိုးတက်ခဲ့သည်။
အိန္ဒိယနိုင်ငံလုပ် ကားတင်ပို့မှု မြင့်တက်လာသဖြင့် ဂျပန်၏ ထိပ်တန်းကားတင်သွင်းသည့် နိုင်ငံစာရင်းတွင် အိန္ဒိယ ပထမဆုံးအကြိမ် ပါဝင်
May 31 • 9:33 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 23 | 0 | 0 | 0 |


