ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုင်ငံခြားသူ ၁၄ ဦးပါဝင်တဲ့ အမျိုးသမီး ၁၅ ဦးကို ဆူခွန်ဗစ်ဧရိယာအတွင်း ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က မေလ ၂၇ ရက် ညနှောင်းပိုင်းအချိန်က ဖမ်းဆီးခဲ့တယ်လို့ မေလ ၂၉ ရက်သတင်းတွေကဖော်ပြခဲ့ပါတယ်။အဆိုပါအမျိုးသမီး ၁၅ ဦးကို နာနားလမ်းသွယ်လို့လည်းသိကြတဲ့ ဆူခွန်ဗစ်လမ်းသွယ် ၄ မှာ ရဲတပ်ဖွဲ့ က မေလ ၂၇ ရက် ည ၁၀ နာရီခွဲအချိန်က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ရာနေရာတစ်ခုဖြစ်တဲ့ ဘန်ကောက်မြို့ရဲ့ ဆူခွန်ဗစ် နယ်မြေအတွင်း ပြည့်တန်ဆာလုပ်ငန်းနဲ့ လူကုန်ကူးမှု လှုပ်ရှားမှုတွေကို ပစ်မှတ်ထားပြီး ထိုင်းရဲတပ်ဖွဲ့က ပြင်းထန်စွာ ဖြိုခွင်းနေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နိုင်ငံခြားသားအမျိုးသမီးအများစုပါဝင်သော ပြည့်တန်ဆာလုပ်ငန်း လုပ်ဆောင်နေသူများကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီး
May 31 • 8:49 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
12 | 0 | 0 | 0 |