ထိုင်းဘာသာစကားဖြင့် ကပ်နှိပ်ထားသော Sprite အမှတ်တံဆိပ် အစိမ်းရောင် အချိုရည်ဗူးများကို FDA ထောက်ခံချက်မရှိဘဲ တရားမဝင် တုပထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ထားသလိုထိုင်းဘာသာစကားဖြင့် ကပ်နှိပ်ထားသော Sprite အမှတ်တံဆိပ် အစိမ်းရောင် အချိုရည်ဗူးများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၏ ထောက်ခံချက်မရှိဘဲ ဈေးကွက်များတွင် တရားမဝင်တုပထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြောင်း စိစစ်တွေ့ရှိရကာ စားသုံးသူပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိနိုင်သည့် ၎င်းအစားအသောက်ကို စားသုံးသူများအနေဖြင့် ဝယ်ယူစားသုံးခြင်း မပြုရန် သတိပေးထားကာ ဖြန့်ဖြူး၊ ရောင်းချသူများအနေဖြင့် ၎င်းအစားအသောက်ကို ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချခြင်း မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ၂၈ (က) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။



