ရန်ကုန်မြို့လမ်းဆုံလမ်းခွများ၊ လူစည်ကားသည့်နေရာများနှင့် မီးပွိုင့်များတွင် လမ်းဘေးလေလွင့် ကလေးများမှာ ယခုနောက်ပိုင်း တောင်းရမ်းခြင်းသာမက မီးပွိုင့်မိသောကားများထံမှ အလစ်သုတ်ထွက်ပြေးခြင်းများလည်း ကြုံလာခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့သူများထံမှ သိရသည်။လက်ရှိ အဆိုပါ လမ်းဘေးတောင်းရမ်းသည့် ကလေးငယ်များကို ရန်ကုန်မြို့ရှိ မီးပွိုင့်အများစုအနီး၌ တွေ့ လာရပြီး ဦးဝိစာရမီးပွိုင့်၊ သခင်မြပန်းခြံအနီး ကီလီလမ်းမီးပွိုင့်၊ လှည်းတန်း၊ တာမွေ၊ သမိုင်းလမ်းဆုံ၊ စံပြစျေးအနီး စသည့်နေရာများ၌ အများဆုံးမြင်တွေ့လာရကြောင်း၊ ပိုက်ဆံတောင်းရမ်းခြင်းများအပြင်၊ မုန့်တောင်းစားခြင်း၊ လက်ထဲတွင် ကိုင်ဆောင်ထားသည့် ပစ္စည်းများကို အလစ်သုတ်ယူဆောင်ခြင်း၊ မီးပွိုင့်မိနေချိန် ကားတံခါးကို ရုတ်တရက်ဆွဲဖွင့်၍ ပစ္စည်းများကို လုပ်ဆောင်ခြင်းတို့ဖြင့် လုပ်ဆောင်လာကြကြောင်း သိရသည်။ယခုလို လူစည်ကားသည့်နေရာများနှင့် လမ်းဆုံလမ်းခွ မီးပွိုင့်များတွင် တောင်းရမ်းစားသောက်သည့် ကလေးများ အနေဖြင့် ငွေတောင်းရမ်းခြင်းအပြင် ပစ္စည်းများကို အလစ်သုတ်ယူဆောင်သည့် ဖြစ်ရပ်များ ကြုံ လာရခြင်းကြောင့် လမ်းသွားလမ်းလာများနှင့် ယဉ်မောင်းသူများကြားတွင် သတိထား၍ သွားလာနေကြရကြောင်း လည်း သိရသည်။
တောင်းရမ်းခြင်းသာမက အလစ်သုတ်ခြင်းများလည်း ရန်ကုန်မီးပွိုင့်အချို့၌ ကြုံလာရ
May 30 • 5:05 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
7 | 0 | 0 | 0 |