သရုပ်ဆောင် ဇူးဇူးမောင်ရဲ့ သမီးလေးဟာ
အောင်လံဆရာတော်ဘုရားကြီးရဲ့ လမ်းညွှန်မှုနဲ့ သမီးလေးတွေကို ရသလောက်တရားထိုင်ကာ ကုသိုလ်ယူစေခဲ့တာလည်းဖြစ်ပါတယ်။ သမီးကြီးလေး Chloe က ၂ နာရီကြာအောင် တရားထိုင်နိုင်ခဲ့ပြီး ပြီးခါနီးမှာမှ သူမဟာ မျက်ရည်တွေကျခဲ့တာကြောင့် ဘာလို့လဲလို့ မိခင်က မေးချိန်မှာ 'Happy' လို့ Chloe ကပြန်ဖြေခဲ့တာပါ။ မေမေကတော့ ကလေးအရွယ်လေးမို့ ဒီစိတ်ခံစားချက်ကို မသိပေမယ့် ဒါဟာ တရားပီတိမျက်ရည်ကျတာလို့ ဆိုခဲ့ပါတယ်။


