ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကလေးငယ် တစ်ဦးကို ခိုးယူပြီး ငွေပင်လယ်စက်မှုဇုန်ရှိ ရေမြောင်းတွင် ရေနစ်သတ်မှု ယနေ့(မေလ ၂၈) နံနက် ၇နာရီခန့်က ဖြစ်ပွားကြောင်း သိရသည်။"ကျွန်နော့် အိမ်ကို မနေ့က (မေလ ၂၇)မနက် ၁၁နာရီခွဲခန့်က အသက် ၃၅နှစ်ခန့် အမျိုးသမီး ဗိုက်ကြီးသည် တစ်ဦး ရောက်လာတယ်။ ရိုးလေးကျေးရွာအတွင်း အိမ်ငှားလိုကြောင်း ပြောတယ်။ ဗိုက်ကြီးသယ်မှို့ နှမချင်း ကိုယ့်ချင်းစာမိပြီး လိုက်ငှားပေးမယ်ဟု ပြောပြီး အိမ်မှာခဏ နေခိုင်းထားတယ်။ ညနေ ၅နာရီခန့်တွင် ကျွန်နော့်သမီး(သေဆုံးသူ) မရတနာ နှင့် ဦးလေးတော်သူ သီဟနိုင်တို့ မုန့်စားရန် အိမ်ကထွက်သွားချိန် သူမက အနောက်မှ ထပ်လိုက်သွားတယ်။ သီဟနိုင်ကို အိမ်မှာ ပိုက်ဆံအိတ်ကျန်ခဲ့၍ ယူပေးရန် ပြောဆိုပြီး ကျွန်နော့်သမီးပေးခဲ့ဟု ပြော၍ ခဏထားခဲ့တာပါ။ အိမ်မှာလဲ ပိုက်ဆံအိတ်မကျန်ခဲ့တဲ့အတွက် ပြေးလိုက်လာတာ ကျနော့် သမီးလဲ မတွေ့ဘူး၊ သူ့လဲ မတွေ့ဘူး။ တစ်ညလုံး ရှာဖွေကြတယ် မတွေ့ဘူး"ဟု ကလေးငယ်၏ မိဘ ဦးဇော်မိုးလှိုင် နှင့် ဒေါ်အေးစန္ဒာမိုး တို့ကပြောသည်။အသက် ၃နှစ်အရွယ် မရတနာအား ခေါ်ဆောင်ပြီး ရွှေနားကပ်အား ချွတ်ယူကာ သေဆုံးသည်အထိ ပြုလုပ်ခဲ့သူ အသက် ၃၅ နှစ်ခန့်ဗိုက်ကြီးသည်အမည်မသိ အမျိုးသမီးအား အမှုဖွင့်၍ ဖမ်းဆီးမိရေး ဆောင်ရွက်လျှက်ရှိပြီး ဗိုက်ကြီးသည်အမျိုးသမီး (ဖော်ပြပါပုံ)အား တွေ့ရှိသူများ နီးစပ်ရာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားပေးကြရန် ရဲအရာရှိက ပြောသည်။



