ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ယနေ့ မေလ ၂၆ ရက်နေ့တွင် မြို့မီးလင်းရေးကော်မတီက ထုတ်ပြန်ကြော်ငြာချက်တစ်ခုအရ၊ နေအိမ်များတွင် တပ်ဆင်ထားသည့် ဆိုလာစနစ်များကြောင့် လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်နိုင်မှုရှိသဖြင့်၊ သက်ဆိုင်ရာကော်မတီအား အသိပေးအကြောင်းကြားရန် ပြည်သူများကို တိုက်တွန်းထားသည်။ဆိုလာစနစ်များကို သတ်မှတ်ချက်နှင့်အညီ တပ်ဆင်ခြင်း၊ လုံခြုံရေးစနစ်များပါဝင်စေရန်၊ လျှပ်စစ်အန္တရာယ်ကင်းစေရန် တာဝန်ရှိသူများအား ဆက်သွယ်တင်ပြရန် မိန့်ကြားထားခြင်းဖြစ်သည်။



