မန္တလေးနှင့် စစ်ကိုင်းမြို့တို့ကိုဆက်သွယ်ထားသော ဧရာဝတီမြစ်ကူးတံတား(ရတနာပုံ) ကို လာမည့်ဇွန်လဆန်းမှစ၍ ရက်သတ္တ နှစ်ပတ်ကြာပိတ်မည်ဟု တရားဝင်ကြေညာခြင်းမျိုးမရှိသေးဘဲ သတင်းများထွက်ပေါ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။အဆိုပါ တံတားမှာ အင်္ဂလိပ်လက်ထက်ကရှိခဲ့သော စစ်ကိုင်းတံတားဟောင်းကြီးနှင့်အပြိုင် မလှမ်းမကမ်းနေရာတွင် ၂၀၀၁ ခုနှစ်က တည်ဆောက်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ ငလျင်ကြောင့် သက်တမ်းရင့် စစ်ကိုင်းတံတားကြီးမှာ သံပေါင်များပျက်စီးခဲ့ပြီး ယခု တံတားသစ်ဖြစ်သော ဧရာဝတီမြစ်ကူးတံတား(ရတနာပုံ)တံတားတွင်လည်း ချဉ်းကပ်လမ်းများ အက်ကွဲမှုဖြစ်ပေါ်ခဲ့ကာတံတားကိုပိတ်ထားစဉ်ကာလအတွင်း ကြံ့ခိုင်ရေးစစ်ဆေး၍ လိုအပ်သောပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် စီစဉ်ထားကြခြင်းကြောင့်လည်းဖြစ်သည်ဟုလည်း သတင်းများထွက်ပေါ်နေခြင်းလည်းဖြစ်ပါတယ်။မတ်လ ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ငါးရက်အကြာပိတ်ထားခဲ့ပြီး ပြန်လည်ဖွင့်လှစ်ကာ ယာဉ်ငယ်များ ဖြတ်သန်းခွင့်ပြု၍ ကုန်တင်ယာဉ်ကြီးများ၊ စက်သုံးဆီတင်ယာဉ်များ၊ တွဲယာဉ်ကြီးများကိုမူ တံတားပေါ်မှ ဖြတ်သန်းခွင့်မပြုဘဲ စစ်ကိုင်းမြို့၊ သစ်ဆိပ်မြစ်ကမ်းနှင့် မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းတို့တွင် ဇက်ကူးတို့ဖြင့် သယ်ယူပို့ဆောင်ပေးလျက်ရှိပါတယ် ။
မန္တလေးနှင့် စစ်ကိုင်းမြို့တို့ကိုဆက်သွယ်ထားသောဧရာဝတီမြစ်ကူးတံတား(ရတနာပုံ)ကို နှစ်ပတ်ကြာပိတ်မည်ဟု သတင်းများထွက်ပေါ်
May 27 • 6:14 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 45 | 0 | 0 | 0 |


