ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင် အမျိုးသားမှ ၎င်း၏ဇနီးကို ဓာတ်ဆီလောင်း မီးရှုိ့သတ်ဖြတ်ခဲ့

May 27 • 5:30 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင် အမျိုးသားမှ ၎င်း၏ဇနီးကို ဓာတ်ဆီလောင်း မီးရှုိ့သတ်ဖြတ်ခဲ့

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မကြက်စုကျေးရွာတွင် အမျိုးသားမှ ၎င်း၏ဇနီးကို ဓာတ်ဆီလောင်း မီးရိူ့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။မေလ ၂၄ ရက် ည ၁၁ နာ...

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မကြက်စုကျေးရွာတွင် အမျိုးသားမှ ၎င်း၏ဇနီးကို ဓာတ်ဆီလောင်း မီးရိူ့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။မေလ ၂၄ ရက် ည ၁၁ နာရီခန့်တွင် လင်မယားချင်းစကားများရန်ဖြစ်ရာ အမျိုးသားမှ ဇနီး၏ခန္တာကိုယ်တ စ်ကိုယ်လုံးကို ဓာတ်ဆီဖြင့်လောင်း၍ မီးရိူ့ရာ အမျိုးသမီးသမီးမှာ ဒဏ်ရာများရ၍ ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရင်း မေလ ၂၆ ရက်နံနက်ခင်းအချိန်တွင် သေဆုံးသွားခဲ့ရပါတယ်။အဆိုပါဓာတ်ဆီလောင်းသည့် အမျိုးသားမှာ အသက်(၃၈) နှစ်အရွယ် ကျော်လင်းသိန်းဖြစ်ပြီး၊ ၎င်း၏ဇနီးမှာ အသက်(၁၈) နှစ်အရွယ် မသူသူစံဖြစ်ကြောင်း၊ ကျူးလွန်သူအမျိုးသားကို သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။


news-view-count-icon

8