သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ဖောင်ဒေးရှင်းထံ မှားလွှဲမိတဲ့ ငွေ ပြန်ပေးဖို့ အရမ်း ခက်ခဲနေရင် အဆုံးခံလိုက်တော့မယ်လို့ မှားလွှဲမိသူဘက်က နောက်ဆုံးအကြိမ်အဖြစ်ပြောပြ

May 27 • 12:55 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ဖောင်ဒေးရှင်းထံ မှားလွှဲမိတဲ့ ငွေ ပြန်ပေးဖို့ အရမ်း ခက်ခဲနေရင် အဆုံးခံလိုက်တော့မယ်လို့ မှားလွှဲမိသူဘက်က နောက်ဆုံးအကြိမ်အဖြစ်ပြောပြ

သရုပ်ဆောင်ခိုင်နှင်းဝေထံသို့ ငွေမှားလွှဲမိသူက မှားလွှဲမိတဲ့ ငွေတွေကို ပြန်ပေးဖို့အရမ်းခက်ခဲနေရင် အဆုံးခံလိုက်တော့မယ်လို့ ပြောလာပါတယ်။ ဒါဟာသူမအတွက် နောက်ဆုံးအကြိ...

သရုပ်ဆောင်ခိုင်နှင်းဝေထံသို့ ငွေမှားလွှဲမိသူက မှားလွှဲမိတဲ့ ငွေတွေကို ပြန်ပေးဖို့အရမ်းခက်ခဲနေရင် အဆုံးခံလိုက်တော့မယ်လို့ ပြောလာပါတယ်။ ဒါဟာသူမအတွက် နောက်ဆုံးအကြိမ်ပြောခြင်းဖြစ်ပြီး လိမ်တောင်းမယ့်အထဲမှာလည်း မပါဝင်ဘူးလို့ သူမဘက်ကပြောပါတယ်။ ခိုင်နှင်းဝေ အကောင့်ထဲကို ကိုဝေသူ နာမည်နှင့်လွှဲခဲ့ပြီး ကိုဝေသူအကောင့်ထဲသို့ ပြန်လွှဲပေးဖို့သာတောင်းဆိုခဲ့တာဖြစ်တယ်လို့ ဦးစွာပြောပါတယ်။ ကိုဝေသူကိုယ်တိုင်လာမှ ပြန်ပေးမယ်ဆိုပါက သူမတို့မောင်နှမနှစ်ဦး၏ လုံခြုံရေးနှင့် ၊ လမ်းစရိတ်၊ စီးပွားရေးလုပ်ငန်းများလစ်ဟာသွားမှုများအတွက် ထပ်မံကုန်ကျဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရက် ၂၀ ကြာသည်အထိ ပြန်ပေးဖို့ ခက်ခဲနေပါက သူမချွေးနည်းစာကို အဆုံးခံလိုက်တော့မယ်ဆိုတဲ့အကြောင်း နောက်ဆုံးအနေနဲ့ပြောလာခဲ့တာဘဲဖြစ်ပါတယ်။



news-view-count-icon

18