အမျိုးသားပြတိုက်(ရန်ကုန်)မှာ မေလ(၂၇)ရက်မှာ 'အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ (International Museum Day – IMD 2025)'ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။အဲဒီ့အခမ်းအနားမှာ ပညာရပ်ဆိုင်ရာဟောပြောပွဲနဲ့ မြန်မာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်(ICH)မြန်မာ့ရိုးရာရုပ်သေးပြကွက်၊ မြန်မာ့သနပ်ခါးပြကွက်၊ မြန်မာ့ကြိုးကြီးချိတ်ပြကွက်၊ မြန်မာ့ရိုးရာခြင်းလုံးပြကွက်၊ ပန်းချီ ပန်းပုပြကွက်၊ နည်းပညာဖြင့် ဖန်တီးထားတဲ့တိုင်းရင်းသားရိုးရာ ဝတ်စုံများကို AR System ဖြင့်ပြကွက်၊ဉာဏ်စမ်းမေးခွန်းများ Quiz အစီအစဉ်၊ Holographic Fan ပြကွက်များပညာရပ်ဆိုင်ရာနှင့် ဖျော်ဖြေမှုများ- Edutainment ဖန်တီးပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



