မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်း ကျောင်းထိုင်ဘုန်းကြီးက ဒကာမရင်းကို မုဒိန်းကျင့်ဖို့ကြံ ဒကာမက လက်မခံလို့ဓားနဲ့ခုတ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။လှည်းကူးအောင်ဘုန်းပြည့်ကျောင်းမှာပါ။ဘုန်းကြီးကသက်လတ်ပိုင်းအရွယ်ပဲ။အသတ်ခံရတာက ကျောင်းဒကာမအရင်းပါ။အသက်က(၄၇)နှစ်ဖြစ်ပြီး ကျောင်းတွေကားတွေလည်းအဲ့ဒကာမကပဲလှူထားတာ။ သေဆုံးသွားတဲ့ဒကာမရဲ့အမေကအဲ့ကျောင်းမှာပဲဘုန်းကြီးအမေနဲ့အတူတရားစခန်း၀င်သလိုမျိုးကျောင်း မှာပဲနေတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။လူသတ်မှုကျူးလွတ်သူ ဘုန်းကြီးက လှည်းကူးကျောင်းကနေ မင်္ဂလာဒုံထိ အသတ်ခံရတဲ့ ဒကာမရဲ့အမေ နေမကောင်းလို့ဆိုပြီး အိမ်အထိ ကားနဲ့လာခေါ်ခဲ့တာဖြစ်ပြီး ခါတိုင်းလည်း အဲ့လို လာခေါ်နေကျဖြစ်တဲ့ အတွက်အခုလည်း အရင်လိုပဲထင်ကာ လိုက်ခဲ့တယ်လို့ သိရပါတယ်။ကျောင်းရောက်တဲ့အခါမှာတော့ ဘုန်းကြီးက ကျောင်းမှာရှိတဲ့ ကိုရင်တွေကို ဆွမ်းခံထွက်ခိုင်းကျောင်း သား တွေကိုလဲရွာထဲမှာ ဆွမ်းချိုင့်သွားယူဖို့ ရှင်းထုတ်လိုက်ပြီးနောက် သေဆုံးသူ ဒကာမကို သင်္ကန်း လျှော်ခိုင်းခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။သင်္ကန်းသွားလျှော်ချိန်မှာအနောက်ကလိုက်ပြီးမုဒိန်းကျင့်ဖို့ကြိုးစားတယ်။သေသူကလက်မခံတော့ စကားများကြတော့ရုန်းရင်းဆန်ခတ်ဖြစ်ပြီးဓါးနဲ့ခုတ်တာ။မသေမချင်းရက်ရက်စက်စက်ခုတ်တာလို့ ပြောပါတယ်။သေသူရဲ့အမေကြီးကငုတ်တုတ်အဲ့မြင်ကွင်းကိုမြင်ရတာ။အဲ့တာနဲ့မလုပ်ပါနဲ့မလုပ်ပါနဲ့လို့ အော်တယ်။မရဘူးအမေကြီးကိုတော့မခုတ်ပဲထားခဲ့တယ်။ခုတ်ပြီးတော့ဘာမှမဖြစ်သလိုသင်္ကန်းတွေ ချွတ်ခြေလက်ဆေးပြီးကားမောင်းပြီးထွက်ပြေးသွားတယ်။ဘုန်းကြီးကကျူးလွန်ပြီးနောက်ထွက်ပြေး သွားပေမယ့်၁၅ မိုင် ဘုရားမှာမိတယ်” လို့ သူကပြောပြပါတယ်။အသတ်ခံရသူ ဒေါ်သီတာအောင် ကို မေလ ၂၃ ရက်နေ့နံနက် ၁၁ နာရီအချိန်က ရေဝေးသုသာန်မှာ သဂြိုလ်ခဲ့ကြပါတယ်။



