ပုသိမ်မြို့ တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်ခိုက်မှုဖြစ်ပွား

May 22 • 2:31 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ပုသိမ်မြို့ တွင် ကားနှင့်ဆိုင်ကယ် ယာဉ်တိုက်ခိုက်မှုဖြစ်ပွား

ယနေ့ (22.5.2025)ညနေ (၀၅:၄၅) အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ အမှတ် (၁၃)ရပ်ကွက် ငုဝါလမ်းတွင် ကား YGN 22 6S - 3360 နှင့် ဆိုင်ကယ် ယာဉ်တိုက်ခိုက်မှုဖ...

ယနေ့ (22.5.2025)ညနေ (၀၅:၄၅) အချိန် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ အမှတ် (၁၃)ရပ်ကွက် ငုဝါလမ်းတွင် ကား YGN 22 6S - 3360 နှင့် ဆိုင်ကယ် ယာဉ်တိုက်ခိုက်မှုဖြစ်ပွားပြီး ကားသည် အချိန်လွန်စွာလမ်းဘေး ပန်းဝါအပ်ချည်ဆိုင်သို့ ဝင်ရောက် တိုက်မိကြောင်း သိရသည်။အဆိုပါ ယာဉ်တိုက်မှုကြောင့် လမ်းဘေးတွင် ရပ်ထားသော ဆိုင်ကယ် (၄)စီးပါ ထိခိုက်ပျက်ဆီးခဲ့ကြောင်းသိရသည်။အပ်ချည်ဆိုင်အတွင်းမှ လူများထိခိုက်မှုမရှိပဲ ထိုဆိုင်တွင် ကျောင်းမှ ပြန်လာပြီး ဈေးဝင်ဝယ်နေသည့် ဆရာမ တဦး ဒဏ်ရာရ သွေးထွက်လွန် သတိလစ်၍ ပုသိမ်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်‌နေစဥ် သေဆုံးသွားကြောင်း သိရပြီး ထိုယာဉ်တိုက်မှုဖြစ်ပွားသည့် ကားသမားနဲ့ဆိုင်ကယ်သမားပါ ထွက်ပြေးရှောင်တိမ်းသွားကြောင်း သိရသည်။




news-view-count-icon

20