သရုပ်ဆောင်ပိုးကြာဖြူခင်ဟာသူမက ဒံပေါက်တင်မကပဲ ကြက်ဆီထမင်းပါ ပါဝင်တဲ့ ဗူး ၃၀၀ စာစတုဒိသာကို ပါဆယ်ဗူးများနဲ့ လှူဒါန်းပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ မေလ ၂၃ ရက်နေ့ဟာ သူမတို့မိသားစုရဲ့ အကြီးဆုံးသားလေးဖြစ်တဲ့ ဘုန်းပြည့်ရောင်စဉ်ထွန်းရဲ့ အသက် ၁၃ နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်။ ဒီမွေးနေ့မှာ ဆိုင်ကိုလာရောက်အားပေးတဲ့သူတွေကိုလည်း ဗလာမပါ အမှတ်တရလက်ဆောင်တွေပေးဦးမှာလို့ သူမက ပြောပါတယ်။ ပိုးကြာဖြူခင်ဟာ နောက်ထပ်လည်း သားယောက်ကျားလေး တစ်ဦးကို မွေးဖွားဦးမှာပါ။ အဆိုပါ သားယောက်ကျားလေး မွေးလာရင်တော့ သူမဟာ သား ၃ ဦးရဲ့ မိခင်အဖြစ်ရောက်ရှိသွားမှာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်ပိုးကြာဖြူခင်ဟာအကြီးဆုံးသားလေး ဘုန်းပြည့်ရောင်စဉ်ထွန်းရဲ့ ၁၃ နှစ်ပြည့်မွေးနေ့အတွက် ဒံပေါက်စတုဒိသာလုပ်ပေးမည်
May 22 • 7:52 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 37 | 0 | 0 | 0 |


