၂၂.၅.၂၀၂၅ ရက်ယနေ့၊ ၀၅နာရီ ၂၅ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင်၊ ရန်ကုန်-ပုသိမ်လမ်း၊ ရွှေညောင်ပင်စားသောက်ဆိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ညပ်နေကြောင်း သတင်းရရှိသဖြင့် ထန်းတပင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိပြီး၀၅နာရီ ၄၉မိနစ် အချိန်တွင် ယာဉ်အတွင်းညပ်နေသောကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ကယ်ထုတ်နိုင်ခဲ့ပြီး ရွှေရောင်သစ္စာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင်၊ ရန်ကုန်-ပုသိမ်လမ်း၊ ရွှေညောင်ပင်စားသောက်ဆိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ညပ်နေခဲ့
May 22 • 12:07 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
10 | 0 | 0 | 0 |