မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ (မီးသွေးချောင်း၊ တပ်ကုန်း၊ ဆောင်းပေါင်၊ မင်းသောင်း၊ ကျောက်တင်၊ ဒုံလီမန်၊ ပရှာပူး၊ လုံးပိုးရှေ့၊ ဘုရားဖြူရွာ၊ မဏ္ဍပ်ခင်၊ ကျောင်းနား၊ မြေဖြူ၊ တီကျစ်၊ နောင်ကားခေါင်း၊ တောင်ထီဗွာ၊ မြောက်ထီဗွာ၊ ဒင်ရွေး၊ လဲလောင်းကြီး၊ ကောင်ထို၊ ကောင်းထိန်၊ ဝါးတော၊ ထီတမောင်း၊ သစ်ပင်ကြီး၊ နောင်ကားမှီးနောက်၊ မြေနီကုန်း၊ လယ်ကြား၊ ခေါ်ပူး၊ ဝါးပြုံး၊ ထီနဲ နှင့် တောင်ပို့လ) တို့တွင် ငလျင်ဘေးဒဏ်ထိခိုက်ခံစားရသော အိမ်ထောင်စု (၂၁၆) စုအတွက်အိမ်ထောင်စု တစ်စုလျှင် ငွေသား (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေသား (၁၀,၈၀၀,၀၀၀) ကျပ်ကို ၂၀၂၅ ခုနှစ်၊ မေလ(၁၉)ရက်နေ့ တွင်သွားရောက်ထောက်ပံ့ပေးခဲ့ပြီး ငလျင်ဘေးသင့် အိမ်ထောင်စု (၂၁၆) စုအတွက်အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းသုံးပစ္စည်းများ၊ စောင်၊ ခြင်ထောင် များဖြန့်ဝေကာ၊ လုံးဝပြိုကျပျက်စီးသွားသော အိမ်ထောင်စု (၃၂) စာအတွက် တာပေါ်လင်၊ မီးဖိုချောင်သုံးပစ္စည်း နှင့်အိမ်ဆောက်အထောက်အကူပြုပစ္စည်းများ တို့ကိုလည်း ပေးဝေခဲ့ကာသက်ကြီးရွယ်အို အသက် (၆၅) နှစ်အထက် အဘိုးအဘွား (၁၇) ဦးအတွက် မွေ့ယာ နှင့် ဖျာများကို ထောက်ပံ့ခဲ့ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ အိမ်ထောင်စု (၂၁၆) စုအတွက်ထောက်ပံ့ကူညီ
May 21 • 6:05 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
24 | 0 | 0 | 0 |