ထိုင်းနိုင်ငံ၊ ဖုတ်ဖရာ့မြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၄၄ ဦးကို ဖမ်းဆီးရရှိ

May 20 • 9:46 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ထိုင်းနိုင်ငံ၊ ဖုတ်ဖရာ့မြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၄၄ ဦးကို ဖမ်းဆီးရရှိ

ထိုင်းနိုင်ငံ၊ ဖုတ်ဖရာ့မြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၄၄ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းစစ်တပ်နှင့်ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ ယန...

ထိုင်းနိုင်ငံ၊ ဖုတ်ဖရာ့မြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၄၄ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းစစ်တပ်နှင့်ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ ယနေ့ မေလ ၂၀ ရက်နေ့ နံနက်အစောပိုင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်တွင် မြန်မာနိုင်ငံသား ၄၄ ဦးက တရားမဝင် ဝင်ရောက်လာသည်ကို ထိုင်းအာဏာပိုင်များက ကင်းလှည့်စဉ် ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်နှင့် ပသုသနီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စက်ရုံ အပါအဝင် လုပ်ငန်းခွင်များသို့ သွားရောက် အလုပ်လုပ်ရန် တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

news-view-count-icon

12