ထိုင်းနိုင်ငံရောက် မြန်မာကလေးငယ်များ တက်ရောက်နေသည့် ❛ရွှေ့ပြောင်းကလေးငယ်များ သင်ယူရေးစင်တာ❜များကို စစ်ဆေးပြီး ဥပဒေနှင့်မညီပါက ချက်ချင်းပိတ်သိမ်းမည်ဟု ထိုင်းအာဏာပိုင်အဖွဲ့ ထုတ်ပြန်

May 18 • 10:12 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ထိုင်းနိုင်ငံရောက် မြန်မာကလေးငယ်များ တက်ရောက်နေသည့် ❛ရွှေ့ပြောင်းကလေးငယ်များ သင်ယူရေးစင်တာ❜များကို စစ်ဆေးပြီး ဥပဒေနှင့်မညီပါက ချက်ချင်းပိတ်သိမ်းမည်ဟု ထိုင်းအာဏာပိုင်အဖွဲ့ ထုတ်ပြန်

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်ရှိ မြန်မာကလေးငယ်အများစု တက်ရောက် ပညာသင်ကြားနေသည့် ❛ရွှေ့ပြောင်းကလေးငယ်များ သင်ယူရေးစင်တာ❜များကို ထိုင်းအာဏာပိုင်များက စစ်ဆေးသွား...

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်ရှိ မြန်မာကလေးငယ်အများစု တက်ရောက် ပညာသင်ကြားနေသည့် ❛ရွှေ့ပြောင်းကလေးငယ်များ သင်ယူရေးစင်တာ❜များကို ထိုင်းအာဏာပိုင်များက စစ်ဆေးသွားမည် ဖြစ်ကြောင်း စမွတ်စခွန်ခရိုင်လူထုဆက်ဆံရေးရုံးမှ တရားဝင်ထုတ်ပြန်ထားကြောင်း Migrants Time သတင်းတွင် ဖော်ပြထားမှုအရ သိရသည်။ အဆိုပါစစ်ဆေးခြင်းကို မေလ ၁၇ ရက်နေ့မှ စတင်၍ ဆောင်ရွက်မှာဖြစ်ပြီး အသုံးပြုထားသည့်အဆောက်အဦးများသည့် ဥပဒေအရ ခွင့်ပြုထားခြင်းမရှိပါက ချက်ချင်းပိတ်သိမ်းရမည်ဖြစ်သလို အဆိုပါ သင်ကြားရေးစင်တာရှိ ဝန်ထမ်းများအားလည်း ရာဇဝတ်မှုတစ်ခု ကျုးလွန်ထားကြောင်းတွေ့ရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ဗီဇာရုတ်သိမ်းကာ အမည်ပျက်စာရင်းသွင်းခြင်း ခံရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

news-view-count-icon

8