ငလျင်ကြောင့်အဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုကြောင့် ပြန်လည်တည်ဆောက်ရေးအတွက် တိုက်တွန်းချက်များရှိနေသော်လည်း အုတ်ဈေးက တစ်လုံးလျှင် ကျပ် ၃၅၀ မှ ၆၀၀ အထိ မြင့်တက်နေ၍ ဒေသခံများအတွက် စုစုပေါင်းကုန်ကျစရိတ်များအထူးပြင်းထန်လာနေသည်။ အုတ်အဟောင်းဈေးကွက်ပေါ်လာသော်လည်း လိုသလောက်ဝယ်ယူခွင့်ကန့်သတ်ခြင်း၊ ဆောက်လုပ်ရေးအလုပ်သမားအခက်အခဲအပြင် ဘိလပ်မြေ၊ သံစသည့်ပစ္စည်းဈေးမြင့်တက်မှုများကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ဒေသခံများ စိတ်ပင်ပန်းမှုဖြစ်နေကြောင်း သိရသည်။



