လုပ်ငန်းအမျိုးအစားနှင့် လိပ်စာဖော်ပြခြင်းမရှိသည့် အလုပ်ခေါ်စာများကို လူများပြားသည့်နေရာများ၊ ဘတ်စ်ကား မှတ်တိုင်များတွင် ယခုနောက်ပိုင်း အများအပြားမြင်တွေ့လာရကြောင်း ကိုယ်တိုင်အလုပ် လျှောက်သူများထံမှ သိရသည်။ယခုလက်ရှိ အလုပ်ခေါ်စာများအနက်တွင် အချို့သောအလုပ်ခေါ်စာများသည် ကုမ္ပဏီနာမည်ထည့်သွင်း ဖော်ပြထားခြင်းမရှိကြသလို နေရပ်လိပ်စာများကိုလည်း ဖော်ပြထားခြင်းမရှိ၊ လုပ်ကိုင်ရမည့် အလုပ်အမျိုးအစား များကိုလည်း ဖော်ပြထားခြင်းမရှိကြောင်း၊ အလုပ်လိုချင်သည့်အတွက် အလုပ်ခေါ်စာတွင် ဖော်ပြထားသော ဖုန်းနံ ပါတ်များသို့ ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့ချိန်းဆိုသည့် နေရာသို့သာ အရောက်လာရောက်ရန်နှင့် လုပ်ငန်းအ တွက် ဆွေးနွေးရန်ဆိုသည့် အကြောင်းအရာများကိုသာ ရေးသားဖော်ပြထားကြောင်း၊ အချို့သော အလုပ်ခေါ်စာ များတွင် ဖော်ပြထားသည့် ဖုန်းနံပါတ်များကို ဆက်သွယ်ရာတွင် လူသူသွားလာမှုနည်းပါးသည့် နေရာများသို့ ချိန်းဆို လေ့ရှိတတ်ကြောင်းလည်း သိရသည် ။



