back

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် Delivery သမားအချို့ ပစ္စည်းပို့ဆောင်နေစဉ် အလစ်သုတ်ခိုးယူခံရခြင်းများကြုံလာနေ

May 17 • 6:21 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် Delivery သမားအချို့ ပစ္စည်းပို့ဆောင်နေစဉ် အလစ်သုတ်ခိုးယူခံရခြင်းများကြုံလာနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် Delivery သမားအချို့မှာ ပစ္စည်းပို့ဆောင်နေစဉ် အလစ်သုတ်၍ ခိုးယူခံရခြင်းများကြုံရခြင်းကြောင့် စိုက်လျော်ရသည့်အဖြစ်မျိုး ယခုနောက်ပိုင...

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် Delivery သမားအချို့မှာ ပစ္စည်းပို့ဆောင်နေစဉ် အလစ်သုတ်၍ ခိုးယူခံရခြင်းများကြုံရခြင်းကြောင့် စိုက်လျော်ရသည့်အဖြစ်မျိုး ယခုနောက်ပိုင်းတွင် ပိုမိုများပြားစွာ ကြုံလာခဲ့ ကြောင်း Delivery ပို့ဆောင်မှုဖြင့် အသက်မွေးနေသူများထံမှ သိရပါတယ်။အဆိုပါ Delivery ပို့ဆောင်သူများမှာ ပို့ဆောင်ရမည့် ပစ္စည်းများကို အထပ်မြင့်တိုက်များပေါ်သို့ တက်၍ ပို့ဆောင်ကြရသည့်အခါများတွင် တိုက်အောက်တွင် ကျန်ခဲ့သော စက်ဘီးနှင့် ပို့ဆောင်ရမည့် ပစ္စည်းအချို့ကို အလစ်သမားအချို့က အလစ်သုတ်ခိုးယူသွားခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် ယင်းဖြစ်စဉ်များမှာ ခပ်စိပ်စိပ်ဖြစ်ပွား လာခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိ ရန်ကုန်မြို့အတွင်း Delivery ပို့ဆောင်ကြသူများမှာ စက်ဘီးဖြင့်ပို့ဆောင်ကြသူများရှိပြီး ဘတ်စ် ကားစီး၍ ပို့ဆောင်သူများ၊ ကိုယ်ပိုင်ကားဖြင့် ပို့ဆောင်ကြသူများလည်းရှိလာခဲ့ပါတယ်။


news-view-count-icon

29