သရုပ်ဆောင် ခင်လေးနွယ်ဟာသူမရဲ့ ကျွန်းကို ကင်းမွန်မျှားရင်းလာလည်တဲ့ဆလုံလူမျိုးမှ သူလိုအပ်တဲ့ ရိက္ခာလေးတွေကို တောင်းနေတာဖြစ်ပြီးခင်လေးနွယ်က ကျွန်းကလည်း ပိတ်တော့မှာမို့ ရိက္ခာတွေ အများကြီးမရှိတော့ပေမယ့် ကျန်နေတဲ့ ရိက္ခာအခြောက်လေးတွေကို ထည့်ပေးလိုက်ပါတယ်။ အဆိုပါ ဆလုံလူမျိုးဟာ ကင်းမွန်မျှားရင် သူမတို့ကျွန်းကို လမ်းကြုံဝင်လာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ လိုအပ်တဲ့ရိက္ခာတွေကို နောက်ရက်တွေမှာ ထပ်မံလာယူဖို့လည်း ခင်လေးနွယ်တို့ ဇနီးမောင်နှံက ပြောခဲ့ပါတယ်။ ခင်လေးနွယ်ရဲ့ ခင်ပွန်းဟာ ကော့သောင်းက လှိုဏ်ဂူကျွန်းမှာ Resort လေးတစ်ခု ဖန်တီးဖွင့်လှစ်ထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင် ခင်လေးနွယ်ဟာသူမရဲ့ ကျွန်းကို ကင်းမွန်မျှားရင်း လာလည်တဲ့ ဆလုံလူမျိုးကို လိုအပ်တဲ့ ရိက္ခာတွေထည့်ပေးခဲ့
May 17 • 2:28 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
26 | 0 | 0 | 0 |