၂၀၂၅ ခုနှစ်တွင် ငလျင်နောက်ဆက်တွဲသက်ရောက်မှု၊ ဈေးနှုန်းမြင့်ခြင်းနှင့် ငွေကြေးအခက်အခဲများကြောင့် နေပြည်တော်ရှိ ဒူးရင်းသီးအရောင်းအား ယခင်နှစ်များနှင့်နှိုင်းယှဉ်ပြီး ထိုးကျနေသည်။ ယခင်က လူကြီးမင်းများ၊ ဟိုတယ်များနှင့် ဝင်ငွေကောင်းသူများဝယ်ယူစိတ်ရှိခဲ့သော်လည်း ယခုနှစ်တွင် စားသုံးသူများ၏ သုံးစွဲအားနည်းလာပြီး ရောင်းသူများအနေဖြင့် အရှုံးပေါ်နေရခြင်းကို ကြုံတွေ့နေရသည်။



