အမေရိကန်ကောလိပ်ဘောလုံးအသင်း LA Pierce Women's Soccer မှာ ကစားနေတဲ့ မြန်မာကစားသမား မေထက်လူဟာ လက်ရွေးစင်အမျိုးသမီးအသင်းရဲ့ လေ့ကျင့်ရေးကို ဇွန်လမှ ပူးပေါင်းနိုင်မယ်လို့ အသင်းမီဒီယာတာဝန်ခံက ပြောပါတယ်။မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ဇွန်လနောက်ဆုံးပတ်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ အာရှဖလားခြေစစ်ပွဲအတွက် လေ့ကျင့်မှုတွေ စတင်ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။မြန်မာအမျိုးသမီးအသင်းကိုတော့ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ တက်ဆူရိုယူကီက တာဝန်ယူကိုင်တွယ်နေပြီး လက်ရှိမှာ ပဏာမကစားသမား ၃၀ ကျော်နဲ့ လေ့ကျင့်နေပါတယ်။ အိန္ဒိယကလပ် Odisha FC မှာ ကစားနေတဲ့ အသင်းခေါင်းဆောင် ဝင့်သိင်္ဂီထွန်းလည်း ဇွန်လမှသာ မြန်မာအမျိုးသမီးအသင်းနဲ့ လာရောက်ပူးပေါင်းလေ့ကျင့်မယ်လို့ သိရပါတယ်။မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှဖလားခြေစစ်ပွဲမှာ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ တာမင်နစ္စတန်အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာလည်းဖြစ်ပါတယ်။
မြန်မာကစားသမားမေထက်လူဟာ လာမည့် ဇွန်လမှ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနဲ့ ပူးပေါင်းမည်
May 15 • 8:57 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 63 | 0 | 0 | 0 |


