မလေးရှားမှာ ချင်းအမျိုးသမီးတစ်ဦးကို ပွဲစားကလိမ်လည်ခေါ်ယူပြီး KTV မှာအတင်းအလုပ်စေခိုင်းခံရ

May 15 • 4:52 AM

breaking-news

မြန်မာ

ပြည်ပ

cover

မလေးရှားမှာ ချင်းအမျိုးသမီးတစ်ဦးကို ပွဲစားကလိမ်လည်ခေါ်ယူပြီး KTV မှာအတင်းအလုပ်စေခိုင်းခံရ

ပွဲစားက မလေးရှားနိုင်ငံ၊ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအလုပ်ရမယ်လို့ မြန်မာပြည်ကနေ လိမ်လည်ခေါ်ယူပြီး KTV ဆိုင်မှာ အတင်းအဓမ္မ အလုပ်စေခိုင်းတာကြောင့် အကူအညီတွေ ...

ပွဲစားက မလေးရှားနိုင်ငံ၊ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအလုပ်ရမယ်လို့ မြန်မာပြည်ကနေ လိမ်လည်ခေါ်ယူပြီး KTV ဆိုင်မှာ အတင်းအဓမ္မ အလုပ်စေခိုင်းတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ အမျိုးသမီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။၎င်းချင်းအမျိုးသမီးဟာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချောင်းနန်းကျေးရွာက အသက် ၂၂ နှစ်အရွယ် လေးတူ (ချင်း) ဖြစ်ပါတယ်။မင်းပြားမြို့နယ်နဲ့ အမ်းမြို့နယ်တို့မှ ချင်းအမျိုးသမီး ၆ ဦးဟာ မလေးရှားက စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအလုပ်ရမယ်ဆိုပြီး၊ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က ပွဲစားက လိမ်လည်ခေါ်ယူ၍ KTV မှာ အတင်းအဓမ္မ အလုပ်စေခိုင်းတာဖြစ်ပါတယ်။

news-view-count-icon

8