သရုပ်ဆောင်ဆုပန်ထွာတို့မိသားစုဟာစစ်နိုင်သီဟဦး ရဲ့ သမီးလေး စစ်အမရာပြည့်ဖူး အတွက် အမေရိက ကနေ အကျီလေးတွေ ဝယ်လာပြီးလက်ဆောင်ပေးခဲ့ပါတယ်။သရုပ်ဆောင်ဆုပန်ထွာရဲ့ သားလေး Roar ကျော်ကလည်း တစ်ဦးတည်းသောသားလေးဖြစ်လို့ ညီမလေး အရမ်းရချင်နေတာဖြစ်ကာ Roar လေးကလည်း စစ်နိုင်သီဟဦး ရဲ့ သမီးလေးကို သူ့ညီမလေးအရင်းလို ချစ်နေတာပါလို့ ဆိုထားကြပါတယ်။



