ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် ယခုကာလ၌ ဆိုင်ကယ်ပျောက်မှု နေ့စဉ် ကြုံတွေ့ နေသလို့ တောင်ကြီး ဒေသခံတစ်ဦးမှလည်း နှစ်လအတွင်း ဆိုင်ကယ် (၂)စီးခိုးခံရပါတယ်။တောင်ကြီးမြို့ မြို့မရပ်ကွက်ရုံးရှေ့ တိုက်ခန်းတွင်နေထိုင်သူသည် ဆိုင်ကယ်တစ်လတစ်စီး ခိုးခံနေရကာ"ပျောက်တာ နှစ်လလောက်ပဲရှိသေးတယ် ၊ မြို့မရပ်ကွက်ရုံးရှေ့ တည့်တည့်တိုက် ၉ လွှာမှာနေတာ၊ ဒုတိယတစ်စီးက ၁၅ ရက်ဘဲရှိသေးတယ်၊ယိုးဒယားဘီး HONDA တစ်စီးမော်ဒယ် 2015၊ ဝယ်ထားတာမကြာသေးဘူး ၊ ပထမ တစ်စီးပျောက်သွားတာ နှစ်လရှိပြီး၊တရုတ်ဘီးဆိုမဲ့ သိန်း ၂၀ တန်တယ် ၊ အဲ့တာ အခုဒုတိယ တစ်ဘီးက နှမျောစရာကြီး”ဟု ဆိုင်ကယ်ပျောက်သူတစ်ဦးမှ ဆိုကာယိုးဒယားဘီး HONDA ခိုးခံသည့် ဖြစ်စဉ်သည် အသက် ၂၅ အောက် ဝန်ထမ်းကပ်အပြာ ဆွဲထားသည့် လူငယ်နှစ်ဦးသည် မြို့မရပ်ကွက်ရှိ တိုက်ခန်း အောက်၊ ခေါက်ဆွဲဆိုင်တွင် မနက် ၁၀ နာရီ ကတည်းက လာရောက် ပြီး တိုက်ခန်းရှိ သူငယ်ချင်း ကို လာစောင့် သလိုဖြင့် တိုက်ခန်းတံခါး ဖွင့်ချိန်ကို ချောင်းပြီး ဆိုင်ကယ် ခိုးသွားကြောင်းကိုသိရသည်။ မေလ ၁၃ ရက်နေ့တွင်လည်း မြကန်သာထဲ၌ ဒေသခံတစ်ဦး ဆိုင်ကယ် ရပ်ထားသည့်ကို ခိုးခံရကြောင်းနှင့် ဆိုင်ကယ်သူခိုးများက စရဖ၊ ရဲ ယောင်ဆောင်ပြီး ဆိုင်ကယ်များကို၎င်း တို့ဆိုင်ကယ်ဟုဆိုကာ ပေါ်တင်လိုက်လံခိုးယူနေ ကြောင်း သိရှိရသည်။ထိုသို့နေ့စဥ်နှင့်အမျှ ခိုးစိုးလုယက်မှုကြုံတွေ့နေရသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိသလို သူခိုးဖမ်းမိခြင်းလည်းမရှိကြောင်းသိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် ရပ်ကွက်ရုံးရှေ့တိုက်ခန်းတွင်နေထိုင်သော်လည်း ဆိုင်ကယ် မကြာခဏအခိုးခံရနေ
May 14 • 7:16 AM
မြန်မာ
ရှမ်း
မျှဝေမည်
6 | 0 | 0 | 0 |