၂၀၂၅ ခုနှစ် မေလ ၁၃ ရက် မနက် ၅:၅၁ နာရီအချိန်ခန့်တွင် မန္တလေးမြို့အရှေ့ဘက်၊ ကျောက်ဆည်အရှေ့မြောက်ဘက် ၂၂ မိုင်ခန့်၊ ပြင်ဦးလွင်အနောက်တောင်ဘက် ၁၆ မိုင်အကွာ ရတနာပုံနည်းပညာမြို့သစ်အနီး မြေအောက် ၆ မိုင်ကျော်အနက်မှ မဂ္ဂနီကျု ၃.၈ အဆင့်မြေငလျင်ငယ်တစ်ခု ထပ်မံလှုပ်ရှားခဲ့သည်။



