ငလျင်အတွင်းပြိုကျပျက်စီးနေအိမ်အဆောက်အဦနှင့်ပြိုကျဝန်ခြံကာအုတ်တံတိုင်းများပြန်လည်ပြုပြင်သူများအုတ်ဈေးများမြောက်တက်လာသည့်သည့်အတွက်အခက်တွေ့နေကြောင်း သိရသည်။ နေပြည်တော်တွင်စွန့်ပစ်အဆောက်အဦအပြိုအပျက်များမှ အုတ်အကောင်းများပြန်သန့်စင်၍ အုတ် အဟောင်းများအရောင်းအဝယ်ရှိနေပြီး အုတ်အဟောင်းတစ်လုံးအစောပိုင်းက၆၀/၇၀ရှိသော်လည်း ယခုနောက် ပိုင်း သန်စင်ပြီးအုတ်အဟောင်းဝယ်သူများလာသည့်အတွက် ယခုအခါသန့်စင်ပြီးအုတ်အဟောင်းတစ်လုံး ၈၀/မှ၁၀၀ အထိ ဈေးမြင့်လာကြောင်းသိရသည်။



