စစ်ကိုင်းတောင်ရိုးပေါ်က ဆွမ်းဦးပုညရှင်စေတီတော်မှာ ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ ၆၀ ရာခိုင်နှုန်းလောက် ပြီးစီးပြီဖြစ်တယ်လို့ ဆွမ်းဦးပုညရှင် စေတီတော်ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်လှက ပြောပါတယ်။ဆွမ်းဦးပုညရှင်စေတီတော်ရဲ့ အရပ်လေးမျက်နှာမှာရှိတဲ့ အာရုံခံတန်ဆောင်းတွေ၊ အရှေ့ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက်အာရုံခံတန်ဆောင်းတွေမှာ ကိန်းဝပ်စံပယ်တော်မူတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ထိခိုက်ပြိုကျပျက်စီးခဲ့ပြီး စေတီတော်မှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။



