back

တစ်ပတ်ကြာ ကျင်းပမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချသည့် ဈေးရောင်းပွဲတော်ကို နေပြည်တော်၌ ပြခန်းပေါင်း ၇၄ ခုဖြင့် ယနေ့စတင်ရောင်းချပေးနေ

May 12 • 11:28 AM

breaking-news

မြန်မာ

နေပြည်တော်

cover

တစ်ပတ်ကြာ ကျင်းပမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချသည့် ဈေးရောင်းပွဲတော်ကို နေပြည်တော်၌ ပြခန်းပေါင်း ၇၄ ခုဖြင့် ယနေ့စတင်ရောင်းချပေးနေ

သံ၊ သံမဏိ၊ ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ရောင်းချပေးမည့် ဈေးရောင်းပွဲတော်ကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ယနေ့ မေလ ၁၂ ရက်...

သံ၊ သံမဏိ၊ ဘိလပ်မြေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ရောင်းချပေးမည့် ဈေးရောင်းပွဲတော်ကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ယနေ့ မေလ ၁၂ ရက်နေ့တွင် စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။အဆိုပါဈေးရောင်းပွဲတော်ကို ယနေ့မှစတင်၍ ၁၈ ရက်နေ့အထိ ၇ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကုမ္ပဏီပေါင်း ၆၁ ခုတို့က ပြခန်းပေါင်း ၇၄ ခုဖွင့်လှစ်ကာ ဘိလပ်မြေ၊ သံ၊ သံမဏိ စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများစွာကို သက်သာသောဈေးနှုန်းဖြင့် လွတ်လပ်စွာဝယ်ယူနိုင်သည်ဟုဆိုသည်။

news-view-count-icon

12