back

မေလ ၁၂ ရက် ပြည်တွင်းမိုးလေဝသအခြေအနေ

May 12 • 1:03 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မေလ ၁၂ ရက် ပြည်တွင်းမိုးလေဝသအခြေအနေ

ယနေ့မနက် ၇ နာရီထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ်ဖြစ်၍ ကျန်ဒေသများတွင် တိမ်ထူထပ်နေပြီး၊ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အတော်မျာ...

ယနေ့မနက် ၇ နာရီထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ်ဖြစ်၍ ကျန်ဒေသများတွင် တိမ်ထူထပ်နေပြီး၊ နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အတော်များများတွင် မိုးရွာနိုင်ကြောင်း ခန့်မှန်းထားသည်။ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ ကရင်နှင့် မွန်တို့တွင် မိုးတိမ်တောင်များဖြစ်ပြီး လေပြင်း၊ မိုးကြိုးနှင့် မိုးသီးဖြစ်နိုင်သဖြင့် သတိပြုရန် အကြံပြုထားသည်။ မြန်မာ့ကမ်းရိုးတန်းနှင့်ပင်လယ်ပြင်အချို့တွင် မိုးသက်လေပြင်းနှင့် ၇ ပေမှ ၉ ပေအထိလှိုင်းကြီးနိုင်ပြီး၊ နောက် ၂ ရက်အတွင်း တောင်ပိုင်းဒေသများတွင် မိုးဆက်လက်ရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။


news-view-count-icon

11