ဒီတပတ်အတွင်း ကမ္ဘာ့ရွှေဈေးတက်ခြင်းအပေါ် သက်ရောက်မှုဖြင့် ပြည်တွင်းရွှေဈေးလည်း တကျပ်သား ၇၆ သိန်းအထိ မြင့်တက်ခဲ့ပြီး၊ ဒေါ်လာဈေးက ၄၄၂၀ ဝန်းကျင်အထိ တက်ခဲ့သော်လည်း နောက်ပိုင်း ၄၄၀၀ ဝန်းကျင်သို့ ပြန်ကျခဲ့သည်။ စက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီနှင့် ဒီဇယ် ဈေးများ ၅၅ ကျပ်မှ ၁၆၅ ကျပ်အထိ ကျဆင်းခဲ့သည်။ အခြေခံစားသောက်ကုန်ဈေးကွက်တွင် ဆန်အမျိုးအစားများ၊ ကြက်ဥ၊ ဘဲဥ၊ ငါး၊ ကြက်သား ဈေးတက်လာသော်လည်း ဝက်သားနှင့် ဆိတ်သားဈေးကျနေသည်။ ထို့ပြင် အာလူး၊ ကြက်သွန်နီဈေးလည်း ကျလာခဲ့ပြီး စားသုံးဆီဈေးမှာလည်း အနည်းငယ်ကျဆင်းမှုရှိနေသည်။



