ငလျင်သင့်ဒေသတွေက ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို သွားရောက်လေ့လာခြင်းဖြင့် ဒေသအကျိုးစီးပွားကို အထောက်အပံ့ဖြစ်စေမယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ငလျင်သင့်ဒေသတွေကို သွားရောက်လေ့လာကြည့်ရှုတဲ့အခါ ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ဗဟုသတတွေ ရရှိနိုင်မယ့်အပြင် အဲဒီဒေသတွေက ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်းတွေကို အထောက်အကူပြုသလို ဒေသခံတွေရဲ့ အခွင့်အလမ်းနဲ့ ဝင်ငွေတွေလည်း တိုးပွားစေနိုင်မယ်လို့လည်း ထုတ်ပြန်ပါတယ်။
May 11 • 5:27 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


